Psychologist

Psychology

Depression (စိတ်ဓာတ်ကျခြင်း) ခံစားရကာ မိမိကိုယ်ကို အဆုံးစီရင်မှု များပြားနေသည့် ယနေ့ခေတ်တွင် စိတ်ကို ကုသပေးနိုင်မည့် စိတ်ပညာရှင် (Psychologists) များစွာလိုအပ်နေ။

By FutureLink

March 14, 2018

စိတ်ပညာ (Psychology) သည် လူများ၏ စိတ်၊ အပြုအမှုတို့ကို လေ့လာပြီး အလွန်အသုံးဝင်သော၊ စိတ်ဝင်စားစရာ ကောင်းသော ဘာသာရပ်တခုဖြစ်ပါသည်။ Psychology ဘာသာရပ်ကို သင်ယူသူ အရေအတွက်မှာ US တွင် 32% ၊ Australia တွင် 35% ရှိပြီး US တွင် Psychologists တယောက်အဖြစ် အသက်မွေးဝမ်းကြောင်းအလုပ် လုပ်ကိုင်နေသူ စုစုပေါင်း ၃သောင်းကျော်နှင့် Australia တွင် ၂သောင်း ၅ထောင်ကျော်ထိ ရှိနေသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေးသာမက ပညာရေးနယ်ပယ်၊ အနုပညာနယ်ပယ် အစရှိသည့် နိုင်ငံတိုင်း၏ နယ်ပယ်အသီးသီးတွင် တိုးတက်မှုနှုန်း၊ ပြိုင်ဆိုင်မှုနှုန်း မြင့်တက်လာသည်နှင့်အမျှ လူအများမှာ စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရကြသည်။ ထိုသို့သောသူများ Depression ကြောင့် မိမိကိုယ်ကို အဆုံးစီရင်သည့်အဆင့်ထိ မရောက်ရန် သူတို့၏ စိတ်၊ ခံစားချက်၊ ပြောဆိုပုံ၊ ပြုမှုဆောင်ရွက်ပုံ အစရှိသည်တို့ကို အကဲခတ်လေ့လာပြီး သိပံ္ပနည်းကျ နည်းလမ်းများဖြင့် ကျွမ်းကျင်အဆင့်ရှိသည့် စိတ်ပညာရှင်များမှ ကူညီကာ ဖြေရှင်းပေးလျက်ရှိသည်။

 

အကယ်၍ သင်သည် –

Singapore နိုင်ငံရှိ James Cook University (JCU) တွင် ဘွဲ့ဒီဂရီမှစ၍ မဟာဘွဲ့အထိ တက်ရောက်ပြီး Degree ရယူနိုင်မည့် အခွင့်အရေးရှိနေကြောင်း အသိပေးပါရစေ။

 

JCU မှ Psychology ဘာသာရပ်အတွက် ပေးအပ်မည့် Degree များ

 

ဘွဲ့ရပြီးသူများအနေဖြင့်