Special Thanks to Jasmine & MDIS

By FutureLink

June 21, 2017

လေ့လာရေးလာရောက်ကြတဲ့ ကျောင်းသား/သူတွေကို လက်တွေ့လုပ်ဆောင်မှုတွေလုပ်ရတဲ့ Workshop တွေ အများဆုံးနဲ့အတူ ကြိုဆိုခဲ့တာကတော့ MDIS ပဲဖြစ်ပါတယ် … – ကျယ်ဝန်းတဲ့ ကျောင်း campus ရှိခြင်း – ဆေးပညာ၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ မီဒီယာ အစရှိသဖြင့် ဘာသာရပ်များအားလုံး စုံလင်စွာ သင်ကြားပေးနိုင်ခြင်း – အမေရိကန်နိုင်ငံကို ကျောင်းသားတွေ exchange သွားရောက်နိုင်တဲ့ ဘာသာရပ်တွေရှိခြင်းတို့အပြင် MDIS ရဲ့ ထူးခြားထင်ရှားတဲ့ အားသာချက်တစ်ခုကတော့ ကျောင်းရဲ့ ကိုယ်ပိုင်အဆောင်ရှိခြင်းပါပဲ ….

ခေတ်မှီလုံခြုံပြီး လှပတဲ့ ကျောင်းသားဆောင်ဟာ ကျောင်း Campus ထဲမှာပဲ ရှိတာဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူတွေအတွက် အရမ်းကို အဆင်ပြေပါတယ် …. အဆောင်အောက်ကို ဆင်းလိုက်တာနဲ့ တရုတ်စာ၊ မြန်မာစာ၊ ဥရောပစာ၊ မလေးစာ၊ ကိုရီးယားစာ အစရှိတဲ့ အစားသောက်စုံလင်လှတဲ့ canteen ကလည်း အဆင်သင့်ပါပဲ …

MDIS မှာ လေ့လာရေး ကျောင်းသား/သူတွေဟာ အင်ဂျင်နီယာ ဘာသာရပ်၊ ဆေးပညာဘာသာရပ်၊ ဒီဇိုင်းဘာသာရပ်တွေနဲ့ ပတ်သက်တဲ့ workshop တွေမှာ လက်တွေ့လုပ်ဆောင်မှုတွေကို ပျော်ရွှင်စွာနဲ့ လုပ်ဆောင်ခဲ့ကြရပါတယ် …

အားလုံးကို သေချာစီစဉ်ပေးခဲ့တဲ့အပြင် နေ့လည်စာနဲ့ပါ ဧည့်ခံကျွေးမွေးခဲ့တဲ့ MDIS နဲ့ ညီမငယ် Jasmine တို့ကို အထူး ကျေးဇူးတင်ပါတယ် …