USD 10000 Study Award Program

By FutureLink

June 27, 2017

FUTURE Link မှ ပညာသင်ဆု ဒေါ်လာတစ်သောင်း လျှောက်ထားရန်အတွက် လိုအပ်ချက်များ

– လျှောက်ထားသူသည် အသက် (၁၅)နှစ်မှ (၂၄)နှစ်အတွင်း ဖြစ်ရမည်။

– မည်သည့် နိုင်ငံ၊ မည်သည့် တက္ကသိုလ်၊ မည်သည့် ဘာသာရပ်ကိုမဆို ရွေးချယ်လျှောက်ထားနိုင်ပါသည်။

– လျှောက်ထားသူသည် မိမိတက်ရောက်လိုသော တက္ကသိုလ် ဘာသာရပ်တစ်ခုတည်းကို ဦးတည်လျှောက်ထားရပါမည်။

– အခြေခံပညာကိုးတန်းအောင်မြင်သူများ၊ အခြေခံပညာဆယ်တန်းအောင်မြင်သူများ၊ တရုတ်ကျောင်း ကိုးတန်း၊ဆယ်တန်း၊ဆယ့်နှစ်တန်းအောင်မြင်သူများ၊ International School Grade 10, Secondary III အောင်မြင်သူများ၊ အခြား Diploma, Certificate ကိုင်ဆောင်ထားသူများ အားလုံးလျှောက်ထားနိုင်ပါသည်။

– အမှတ်ကန့်သတ်ချက်နှင့် အခြားအရည်အချင်းကန့်သတ်ချက်များမရှိပါ။ – မိမိပညာအရည်အချင်းနှင့် မည်သည့်နိုင်ငံမည်သည့် တက္ကသိုလ် (သို့) ကျောင်းများသို့တက်ရောက်ခွင့် ရရှိနိုင်မည်ကို ဖောင်ဖွင့်ရက်မတိုင်မှီ အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါသည်။

– ဇူလိုင် (၂၂)ရက်မှ စက်တင်ဘာ (၂၂)ရက်အတွင်းလျှောက်ထားနိုင်ပါသည်။

– လျှောက်ထားလိုသူသည် online application မှသာ လျှောက်ထားရပါမည်။

– Online application form ဖြည့်ပြီးလျှင် studyawards@futurelink.com.mm သို့ လိုအပ်သော စာရွက်စာတမ်းများအားလုံး၏ Scan copy များကိုပေးပို့ရပါမည်။

– အရည်အချင်းစစ်စာမေးပွဲကို အောက်တိုဘာလတွင် စာမေးပွဲဖြေဆိုရပါမည်။ (ဖြေဆိုရမည့် အကြောင်းအရာမှာ မိမိရွေးချယ်ထားသော ဘာသာရပ်၊ တက္ကသိုလ်၊ နိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် မိမိ၏အနာဂတ်ရည်မှန်းချက်အကြောင်းဖြစ်ပါသည်။)

– နိုဝင်ဘာလတွင် interview shortlist ကြေငြာပါမည်။

– ဒီဇင်ဘာပထမပတ်တွင် လူတွေ့ဖြေဆိုပြီးနောက် ဒီဇင်ဘာတတိယပတ်တွင် study award ရရှိသူအားကြေငြာပေးပါမည်။

လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ Link တွင် ၀င်ရောက်၍ စာရင်းသွင်းလျှောက်ထားနိုင်ပါသည်။

https://goo.gl/forms/EZ6QjeAPKbO0JIbF3