IT ဘာသာရပ်မှာ နာမည်ကျော်ကြားထင်ရှားတဲ့ TMC Academy ကို လေ့လာရေးသွားခဲ့ကြပါတယ် …

Bishan မှာရှိတဲ့ Main Campus အပြင် မြို့လယ်မှာ city campus ရှိပြီး Edutrust 4 years ရထားတဲ့ TMC မှာ နောက်ထပ် ထူးခြားကောင်းမွန်တဲ့ ဘာသာရပ်တစ်ခုက LAW ဥပဒေ ဘာသာရပ်ပါ …. အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် University of London က တိုက်ရိုက်ပေးအပ်ချီးမြှင့်တဲ့ ဘွဲ့ကို ရရှိမှာဖြစ်ပြီး အနာဂတ်အတွက် ခိုင်မာကောင်းမွန်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရရှိမဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ် …

နောက်တစ်ခုကတော့ Hospitality & Tourism ဘာသာရပ်ဖြစ်ပြီး နောက်ဆုံးနှစ်ကို ဆွစ်ဇာလန်နိုင်ငံမှာ သွားရောက်သင်ယူရပါမယ် … ဆွစ်ဇာလန်နိုင်ငံ ဟာ ကမ္ဘာပေါ်မှာ H & T ဘာသာရပ်နဲ့ ပတ်သက်ပြီး နာမည်ကျော်ကြားတဲ့ နိုင်ငံဖြစ်ပါတယ် … ကျောင်းသားတွေဟာ စာတွေ့တင်မကဘဲ လက်တွေ့လုပ်ငန်းခွင်တွေမှာပါ Training salary CHF 2000 ကျော်နဲ့ ဝင်ရောက်လုပ်ကိုင်ရမှာပါ …

ဘာသာရပ်တွေနဲ့ ကျောင်းအကြောင်းကို TMC ရဲ့ Country Manager မသူသူက အသေးစိတ်ပြောပြပေးခဲ့သလို …
TMC ကျောင်းသားဟောင်းလည်းဖြစ်၊ လက်ရှိ MTC Academy မှာ Executive တစ်ဦးလည်းဖြစ်တဲ့ Mr. Shahrman Nayan က IT, Hospitality နဲ့ တခြား ဘာသာရပ်တွေကို စိတ်ဝင်စားဖွယ် ရှင်းလင်းပြောကြားပေးခဲ့ပါတယ် …

Thank so much Mr. Nayan, Thu Thu & Eileen