Pilot တယောက်အဖြစ် ရပ်တည်လိုသူနှင့် ​လေယာဉ်မောင်/မယ် ဖြစ်ချင်သူများအတွက် အကြီးမားဆုံး အခွင့်အရေး

Stamford - ABM

✈️ လေကြောင်းလိုင်း စီမံခန့်ခွဲမှုကို စိတ်ဝင်စားသူ၊
နိုင်ငံတကာအဆင့်မီ လေကြောင်းလိုင်းကုမ္ပဏီတွေမှာ
အလုပ်ဝင်ချင်သူများအတွက် စာလည်းသင်၊
လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံလည်း ရရှိနိုင်မယ့်
Airline Business Management
ဘာသာရပ်ကို STAMFORD International
University မှ သင်ကြားပေးလျက်ရှိနေပါတယ်။

STAMFORD ဆိုတာ

LAUREATE နိုင်ငံတကာ
တက္ကသိုလ်အဖွဲ့အစည်းတွင်
အဖွဲ့ဝင်အဖြစ်ပါဝင်သော တက္ကသိုလ်တခုဖြစ်သလို
ထိုင်းနိုင်ငံရှိ တက္ကသိုလ်များထဲမှ ပထမဆုံး
စတင်တည်ထောင်ခဲ့သော တက္ကသိုလ်တခုဖြစ်တဲ့
Stamford ဟာဆိုရင် RAMA 9, ASOKE,
HUA HIN စသည့် Campus (၃) ခုဖြင့်
ဖွင့်လှစ်ထားကာ သင်ကြားပေးလျက်ရှိသော
တက္ကသိုလ်တခုပါ။

ထိုင်းနိုင်ငံ၌ ဖွင့်လှစ်ထားသော
တက္ကသိုလ်ဖြစ်သော်လည်း USA, UK, Canada,
France, Germany, Spain အစရှိသည့်နိုင်ငံများမှ
အရည်အချင်းရှိသော ဆရာ/ဆရာမများ လာရောက်ကာ
သင်ကြားပို့ချပေးနေတာကြောင့် Stamford မှ
ဘွဲ့ရသော ကျောင်းသားကျောင်းသူများမှာ
အလုပ်အကိုင်ရရှိနှုန်း များပြားနေခြင်းပင်။

ဒ့ါအပြင် DUAL DEGREE ကို
စိတ်ဝင်စားသော ကျောင်းသား/သူများအတွက်လည်း
Stamford မှ ပေးအပ်မည့် ဘွဲ့တင်မကပဲ
ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်များဖြစ်တဲ့
PACE University,
TORRENS University တို့မှပေးအပ်မည့်ဘွဲ့ပါ
ရရှိနိုင်မည့် အခွင့်အရေးရှိပါတယ်။

Airline Business Management ဆိုတာ

လေကြောင်းလိုင်းကုမ္ပဏီတခုမှာ
လေယာဉ်မှူးတွေရဲ့ အခန်းကဏ္ဍက
အရေးပါသလို ဘေးအန္တရာယ် ထိခိုက်မှုမရှိပဲ
လေယာဉ်ပျံသန်းနိုင်ရန်နှင့် လေယာဉ်ဆင်းသက်နိုင်ရန်
အချက်ပြညွှန်ကြားပေးဖို့အတွက် Ground
Management ကလည်းအရေးကြီးပါတယ်။

မိမိလေကြောင်းလိုင်းကုမ္ပဏီကို
ယုံကြည်စိတ်ချစွာနဲ့ လာရောက်စီးနှင်းမယ့်
ခရီးသည် များများရအောင် ဘယ်လိုလုပ်မလဲ၊
လေယာဉ်စီးနှင်းလိုက်ပါမည့် ခရီးသည်များအား
စိတ်ကျေနပ်အောင် အကောင်းဆုံး ဝန်ဆောင်မှု
ဘယ်လိုပေးမလဲ၊ မည်သည့်အစားအသောက်ဖြင့်
ဧည့်ခံမလဲ အစရှိသည့် Service အပိုင်းမှာ
စီမံခန့်ခွဲခြင်း

လေယာဉ်ထွက်ခွာချိန်၊ ကြာမြင့်ချိန်၊
ဆိုက်ရောက်ချိန်များကို ဘယ်လိုတွက်ချက်မလဲ၊
ဆင်းသက်လာမည့်လေယာဉ်နှင့်
ထွက်ခွာမည့်လေယာဉ် ထိပ်တိုက်မတွေ့အောင်
ဘယ်လိုထိန်းချုပ်မလဲ စသည့်နည်းပညာအပိုင်းမှာ
စီမံခန့်ခွဲခြင်း

ဒီလိုမျိုး လုပ်ငန်းနယ်ပယ် (၃) မျိုးဖြစ်တဲ့
ဝန်ဆောင်မှု၊ နည်းပညာနှင့် မြေပြင်စီမံခန့်ခွဲမှု
ပါဝင်နေသည့် Airline Business
Management ကို Stamford ရဲ့
Rama 9 Campus တွင်
🎯 စာသင်နှစ် (၃)နှစ်နှင့်
🎯 Internship အနည်းဆုံး (၄)လ
တက်ရောက်ရင်း 🎓 Bachelor of Business
Administration in Airline Business
Management ဘွဲ့ကို ရယူနိုင်ပါပြီ။

👉 ထိုင်းနိုင်ငံရှိ
Department of Civil Aviation မှ
ထောက်ခံအတည်ပြုထားသည့်အပြင်
တကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုထားတဲ့🌟UPL
Ultra-Light Pilot License ကို
Stamford မှာ ပညာသင်ကြားရင်း ရရှိနိုင်ပါတယ်။
လေယာဉ်ကို မောင်းနှင်နိုင်မည့် လိုင်စင်ရ
Pilot တယောက်ဖြစ်လာဖို့ရန် ဆက်လက်ပြီး
ပညာသင်ကြားမည့်သူများအတွက်
UPLလိုင်စင်ရရှိထားခြင်းဟာ Pilotတယောက်ဖြစ်ဖို့ရန်
Stepping-stone တခုပါ​နော်

Career Opportunities
🌸 Flight Attendant
🌸 Airline Administrative Support
🌸 Operations Agent
🌸 Flight Dispatcher
🌸 Passenger Service Agent
🌸 Airline Flight Instructor
🌸 Airline Manager

စိတ်လှုပ်ရှားစရာ အခွင့်အလမ်းကောင်းများစွာရှိနေတဲ့
Stamford ရဲ့ Airline
Business Management ဘာသာရပ်ကို
တက်ရောက်လိုသူများ၊ အသေးစိတ်သိရှိလိုသူများအနေနဲ့ –

Future Link International Education Provider
📝No.15-GF, Corner of Baho Street & Wai Lu Won Kyal Street, Sanchaung, Yangon

📝Da 10/34, Nilar Lane, Between 64 x 65 street, Between 39 x 40 Street, Mandalay

📞09975026005
📞09974162001 သို့
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Leave a Comment





This site uses Akismet to reduce spam. Learn how your comment data is processed.