TMC, Singapore One to One Section

TMC Academy ကိုစင်ကာပူနိုင်ငံတွင် ၁၉၈၁ ခုနှစ်ကတည်းကစတင်တည်ထောင်ခဲ့ပြီးဒီပလိုမာမှ စတင်ရဘွဲ့လွန်ဒီပလိုမာသင်တန်းများအထိအရည်အသွေးပြည့်မီစွာသင်ကြားပေးနေသောကျောင်းတစ်ကျောင်းဖြစ်ပါသည်။ စီးပွားရေးဘာသာရပ်များ(Business Management)၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာဘာသာရပ်များ(Hospitality and Tourism Management)၊ အိုင်တီဘာသာရပ်များ(Information Technology)၊ Mass Communication၊ ကျောင်းသားများအတွက် အဓိကလိုအပ်သောအင်္ဂလိပ်စာ၊ “O” level စသည့်ဘာသာရပ်များစုံလင်စွာတက်ရောက်နိုင်သည့်အပြင် ထူးခြားသည့်ဘာသာရပ်များဖြစ်သည့် ဥပဒေ (Law) နှင့် စိတ်ပညာ(Pshchology)ဘာသာရပ်များကိုလည်းတက်ရောက်သင်ယူနိုင်ပါသည်။
TMC Academy သည် 4 years EduTrustရရှိထားသောကျောင်းဖြစ်သည့်အတွက် ကျောင်းသားများအတွက် အာမခံချက် အပြည့်အ၀ပေးနိုင်သော ကျောင်းတစ်ကျောင်းဖြစ်သည်။ Campus (Bishan Campus & City Campus) နှစ်ခုရှိပြီး ခေတ်မီကျယ်ဝန်းသော သင်တန်းခန်းမများရှိခြင်း၊ ကွန်ပျူတာနှင့် အခြားသင်ထောက်ကူပစ္စည်းများ Communication Studio များ ပြည့်စုံစွာထားရှိပေးခြင်း၊ကျောင်းသားများအတွက် အထောက်အကူဖြစ်စေမည့်စာကြည်တိုက် (Library)၊ ကျောင်းသားများအတွက် နားနေဆောင်များ (Student Lounge)၊အားကစားခန်းမ (Gym)၊အတွေ့အကြုံရင့် နိုင်ငံတကာဆရာ/မ များစုံလင်ခြင်း၊ ၀န်ဆောင်မှုပြည့်ဝစွာပေးနိုင်သော ၀န်ထမ်းများရှိခြင်း၊ MRT များနှင့်နီးသောကြောင့် သွားလာရေးလွယ်ကူခြင်းတို့သည် TMC Academy ၏ အားသာချက်များဖြစ်ပါသည်။
အထူးသဖြင့် ကျောင်းသားများအနေဖြင့် အဓိကအရေးကြီးသော Degree and Master ProgrammeများကိုMonash University(Australia), Liverpool John Moores University(UK), University of Greenwich (UK), University of Gloucestershire (UK), University of Abereen (UK) မှ လည်းရယူနိုင်မည် ဖြစ်ပါသည်။ကျောင်းဖွင့်ချိန်များမှာနှစ်စဉ်ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မေ၊ ဇွန်၊ စက်တင်ဘာ၊ အောက်တိုဘာတို့ဖြစ်ပြီးအသေးစိတ်သိရှိလိုပါက FUTURE Link International Education Provider, BJ Complex ,40th Street, Bet: 72nd& 73rd Street, Mandalay, 09-5026005, 09-49220232 တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။အနာဂတ်ဘ၀လမ်းကြောင်းမှာ တိုးတက်အောင်မြင်ဖို့ အတွက် ပညာရေးတွင်ရင်းနှီးမြုပ်နှံခြင်းသည် အကောင်းဆုံးနှင့် အခိုင်မှာဆုံးရင်းနှီးမြုပ်နှံခြင်းဖြစ်သည့် အတွက် FUTURE Link International Education Provider မှ ကျောင်းသားကျောင်းသူများမိဘများကိုအကောင်းဆုံးအကြံပေးခြင်းဆွေးနွေးတိုင်ပင်ခြင်းများကိုဆောင်ရွက်ပေးနေပါသည်။